ဘော်ဒါတွေရဲ့ဘဝမှာ ပြုစားတတ်တဲ့ စုန်းမလိုလူတစ်ယောက်နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြဖူးမှာပါ

ကံကြမ္မာစီရင်ရာလို့ပြောရမလား၊ ဒါမှမဟုတ် ဝဋ်ကြွေးတစ်ခုလို့ သဘောထားရမလား။
သူ(မ)နဲ့ပတ်သက်တဲ့အရာရာတိုင်း အသေးအဖွဲ၊ တစ်မှုန်တစ်မွှားကအစ ဒီလူအတွက်တော့ ပျော်ရွှင်စရာတွေချည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ နတ်သမီးလိုမျိုး အချောအလှတွေအများကြီးရှိနေရင်တောင် တစ်ဦးတည်းသော ဒီစုန်းမလေးရဲ့ ကျော့ကွင်းအောက်ကနေ တစ်ခေါက်တစ်ခါလေးမှ ရုန်းမထွက်ချင်ခဲ့ပါ။
𓁹 ယဥ်ယဥ်လေးနဲ့ အရူးအမူးဖြစ်အောင် ပြုစားတယ်၊
𓁹 စွဲလမ်းမှုကိုဖြစ်စေတယ်၊
𓁹 တဒင်္ဂခံစားချက်တွေ မေ့ကုန်တယ်၊
𓁹 ချစ်ရမ္မက်အပြည့်နဲ့ နူးညံ့သိမ်မွေ့တဲ့ခံစားချက်တွေ ပေါ်ထွက်လာစေတယ်၊
ဒီလို ဒုက္ခလှလှခံစားချက်တွေကိုအကြောင်းပြုပြီး Rose Island ပေါ်က 𝐀 𝐖𝐢𝐭𝐜𝐡 ဆိုတဲ့ Cocktail လေးအဖြစ် ဘော်ဒါတို့ရှေ့မှောက် ရောက်ရှိလာပါတော့တယ်။
𝐀 𝐖𝐢𝐭𝐜𝐡 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 မှာ ဂျင်းနဲ့ Blueberry ကို အခြေခံသုံးထားပြီး ရှောက်ဘီလူး Syrup နဲ့အတူ ဖျော်စပ်ထားပါတယ်။ အဝင်အထွက် ချောချောမွေ့မွေ့လေးနဲ့ ချိုချဉ်ခါးအရသာပိုပြီး ရီဝေဝေဖြစ်သွားစေမယ့် လှလှပပပေါင်းစပ်မှုဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခါတလေမှာ အလှပဆုံးအရာတွေက အန္တရာယ်အရှိဆုံးအရာတွေဖြစ်နေတတ်တယ်မဟုတ်လား....
ပျော်ရွှင်လွတ်လပ်ခြင်းတွေပြည့်နှက်နေတဲ့ Rose Island ပေါ်မှာ Witch တစ်ယောက်လို ပြုစားတတ်တဲ့သူလေးနဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်း ပျော်ရွှင်ရမလား၊ ဝမ်းနည်းရမလား၊ ဘယ်လိုခံစားချက်တွေနဲ့အတူ ဘယ်လို Cocktail ထပ်မံပေါ်ထွက်လာမလဲ ဆိုတာကိုတော့........
