Skip to Content
  •  +95 9 968 891132
Myanmar Bon Sine
  • Home
  • SELF ORDER
  • Menus
  • Promo
  • Signature
  • About Us
  • Contact us
  • Our Group
Myanmar Bon Sine
      • Home
      • SELF ORDER
      • Menus
      • Promo
      • Signature
      • About Us
      • Contact us
      • Our Group
    •  +95 9 968 891132

    Broken Heart

  • All Blogs
  • Signature
  • Broken Heart
  • June 22, 2025 by
    Broken Heart
    Bon Sine

    တစ်ခါတလေမှာ အချစ်က ဖယောင်းတိုင်မီးလျှံနဲ့တူတယ်

    လင်းလက်နွေးထွေးပေမဲ့ လေပြင်းတစ်ခါတိုက်ရုံနဲ့ မီးငြိမ်းသွားစေနိုင်ပြီး အမှောင်ထုပဲကျန်ရစ်ခဲ့တယ်။

    တစ်ခါတလေမှာ အချစ်က သဲပန်းပု ရဲတိုက် နဲ့တူတယ်

    ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ဂရုတစိုက်တည်ဆောက်ခဲ့ပေမဲ့ ရေလှိုင်းလေးတစ်ခုကြောင့် အရာအားလုံးကို ပျက်စီးပျောက်ကွယ်သွားစေနိုင်တယ်။

    တစ်ခါတလေမှာ အချစ်က ဖန်နှင်းဆီပန်းတစ်ပွင့်နဲ့တူတယ်

     လှပတယ်၊ ခမ်းနားတယ်၊ ဒါပေမဲ့ တစ်ခါထိခိုက်မိရုံနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေနိုင်တယ်။

    အချစ်ကို အလှပဆုံးသောအရာတွေနဲ့ ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ချိန်ချိန်မှာ တစ်စုံတစ်ခုကြောင့် အချစ်နဲ့လွဲချော်သွားခဲ့ရတဲ့သူတွေ ဒုနဲ့ဒေးပဲ...

    စုန်းမတစ်ယောက်လို ပြုစားတတ်တဲ့သူနဲ့ ကြုံရဆုံရပြီးတဲ့နောက်ပိုင်း အသည်းဟက်တက်ကွဲပြီး လမ်းပျောက်သွားတဲ့ ဘော်ဒါတို့ရေ Cheers!!

     အချစ်ကြောင့်

     အသည်းကွဲရတယ်၊ ဝမ်းနည်းရတယ်၊

     နာကျင်ရတယ်၊ လမ်းပျောက်ရတယ်၊

    အရာအားလုံးဆုံးရှုံးသွားသလို ခံစားရတယ်၊

    ဒီခံစားချက်တွေအကုန်လုံးကို ရောသမမွှေပြီး 𝐁𝐫𝐨𝐤𝐞𝐧 𝐇𝐞𝐚𝐫𝐭 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 တစ်ခွက်အဖြစ် အရည်ကျိုဖျော်သောက်လိုက်ကြစို့ဗျာ။

    𝐁𝐫𝐨𝐤𝐞𝐧 𝐇𝐞𝐚𝐫𝐭 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 မှာ Tequila ကို Base အနေနဲ့သုံးထားပြီး အရသာပြင်းသလိုလိုနဲ့ အချဉ်ဓာတ်လေးရအောင် မန်ကျဉ်းသီး Pure ကို သုံးထားပါတယ်။ ဒါကြောင့် သူ့ရဲ့အရသာက ပြင်းရာကနေ ပျော့သွားပြီး ချဉ်သလိုခံစားရစေမယ့် ပေါင်းစပ်ဖန်တီးမှုဖြစ်ပါတယ်။

    အသည်းကွဲနေတဲ့ ဘဲကွဲဘော်ဒါတွေနဲ့အလိုက်ဖက်ဆုံး 𝐁𝐫𝐨𝐤𝐞𝐧 𝐇𝐞𝐚𝐫𝐭 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 ဘုံဆိုင်မှာရပြီဗျာ။



    in Signature
    Witch
    Useful Links
    • Home
    • About us
    • Menus
    • Promotions
    • Privacy Policy
    • Contact us
    About us

    Bon Sine – YGN offers a budget-friendly, chill space for all, serving Burmese meals and healthy cocktails made from simple ingredients, bringing wellness, flavor and community together.

    Connect with us
    • Contact us
    • info@bonsineuk.com
    • +95 9 968 891132
    Follow us
    Copyright © BonsineGroup
    Powered by Odoo - Create a free website